လုပ်ငန်းခွင်စိတ်ဖိစီးမှုများကိုလျှော့ချစေသည့်အကြောင်းအရာများ
လုပ်ငန်းခွင် အထက်/အောက် ပြောဆိုဆက်ဆံရေးကောင်းမွန်ခြင်းသည်လည်း လုပ်ငန်းခွင်စိတ်ဖိစီးမှုများကို လျှော့ ကျစေနိုင်ပါသည်။ မိမိတို့ဌာနအလိုက် အထက်/အောက် ဆက်ဆံရေးကိုပြေပြစ်မှသာ ဌာနအတွက်ချမှတ်ထားသော Goals များကို အချိန်မှီဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
၁။ ကောင်းမွန်သော အထက်/အောက် ပြောဆိုဆက်ဆံရေးကို တည်ဆောက်ခြင်း
လုပ်ငန်းခွင် အထက်/အောက် ပြောဆိုဆက်ဆံရေးကောင်းမွန်ခြင်းသည်လည်း လုပ်ငန်းခွင်စိတ်ဖိစီးမှုများကို လျှော့ ကျစေနိုင်ပါသည်။ မိမိတို့ဌာနအလိုက် အထက်/အောက် ဆက်ဆံရေးကိုပြေပြစ်မှသာ ဌာနအတွက်ချမှတ်ထားသော Goals များကို အချိန်မှီဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ၀န်ထမ်းများအနေဖြင့်လည်း လုပ်ငန်းခွင်အတွင်း အခက်အခဲများ ကြုံတွေ့ ရပါက မိမိတို့၏တာ၀န်ခံ (သို့မဟုတ်) လုပ်ဖော်ကိုင်ဖက်တို့နှင့်အတူ ကြုံတွေ့နေရသော လုပ်ငန်းခွင်အခက်အခဲများကို မျှဝေခံစားစေခြင်းဖြင့်လည်း စိတ်ဖိစီးမှုများကို လျှော့ကျစေပါသည်။ HR ဌာနအနေဖြင့်လည်း ၀န်ထမ်းများအတွက် ဌာန အလိုက်၊ ရာထူးနေရာအလိုက် သတ်မှတ်ထားသောလုပ်ဆောင်ချက်များ၊ မျှော်မှန်းချက်များ၊ လမ်းညွှန်ချက်များသည် တိကျ ပြတ်သားမှုရှိပြီး၊ သဘာ၀ယုတ္တိကျသောအချက်များဖြစ်ရန် လိုအပ်သောပံ့ပိုးမှုများကို ဖြည့်ဆည်းရမည်ဖြစ်သည်။ သို့မှသာ ကုန်ထုတ်စွမ်းအားကို ပိုမိုမြင့်တက်စေပြီး စိတ်ဖိစီးလျှော့ကျသော လုပ်ငန်းခွင်ဆီသို့ ဦးတည်နိုင်မည်ဖြစ်သည်။
၂။ သင့်တင့်လျောက်ပတ်သော လုပ်ငန်းခွင်အချိန်ှဇယားဖြင့်လုပ်ကိုင်စေခြင်း
လုပ်ငန်းခွင်အတွင်း နေ့စဉ်ကြုံတွေ့နေရသော စိတ်ဖိစီးမှုများမှ ကင်းဝေးစေရန်အတွက် အဖွဲ့အစည်းများအနေဖြင့် မိမိတို့၀န်ထမ်းများအား သင့်တင့်လျောက်ပတ်သော လုပ်ငန်းခွင်အချိန်ှဇယားဖြင့် လုပ်ကိုင်စေခြင်း ( Flexi working hour စနစ်)၊ နေအိမ်မှနေ၍ အလုပ်တာ၀န်များကို ဆောင်ရွက်စေခြင်းအစရှိသည့်တာ၀န်ချထားမှုဆိုင်ရာ စီမံဆောင်ရွက်မှုများကို လည်း လုပ်ဆောင်နိုင်ပါသည်။ သို့မှသာ ၀န်ထမ်းများအနေဖြင့် မိမိတို့၏ အဖွဲ့အစည်းအတွင်း ကြုံတွေ့နေရသည့် စိတ်ဖိစီး မှုများကို အလွယ်တကူ ကျော်လွှားနိုင်မည်ဖြစ်ပါသည်။
၃။ ဌာနတွင်း Training အစီအစဉ်များ ပံ့ပိုးပေးခြင်း
၀န်ထမ်းများအနေဖြင့် မိမိတို့၏ တာ၀န်၀တ္တရား၊ လုပ်ပိုင်ခွင့်ထက်ကျော်လွန်၍ လုပ်ကိုင်ရမည့်အခြေအနေမျိုးတွင် စိတ်ဖိစီးမှုခံစားရလေ့ရှိပါသည်။ ထိုအခြေအနေမျိုးတွင် အဆိုပါ၀န်ထမ်းအတွက် သင့်တင့်သော Cross – departmental နှင့် Intra departmental Training Program များကို ပံ့ပိုးပေးသင့်ပါသည်။ သို့မှသာ အဆိုပါ၀န်ထမ်းသည် လိုအပ်သော အရည်အသွေး၊ ထောက်ပံ့မှုများကိုရရှိပြီး လုပ်ငန်းတာ၀န်များကို ကျွမ်းကျင်ပြီးမြောက်အောင် သတ်မှတ်ထားသောအချိန် အတွင်း ကောင်းမွန်သောရလာဒ်ကောင်းများဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
၄။ အသိအမှတ်ပြုပေးခြင်း
အဖွဲ့အစည်းအတွင်းရှိတာ၀န်ရှိသူများအနေဖြင့် မိမိတို့၏၀န်ထမ်းများအား ၎င်းတို့၏ Performance စွမ်းဆောင် ရည်ကောင်းမွန်ခြင်းအတွက်လည်း ချီးကျူးဂုဏ်ပြုခြင်း၊ ဆုချီးမြှင့်ခြင်းအစရှိသည့် အသိအမှတ်ပြုသည့် အစီအစဉ်များကို ဆောင်ရွက်သင့်ပါသည်။ သို့မှသာ၀န်ထမ်းများသည် အဖွဲ့အစည်းအပေါ် ပိုမို၍သစ္စာရှိပြီး မိမိတို့၏အဖွဲ့အစည်းအပေါ် တာ၀န်သိစိတ်အပြည့်ဖြင့် ရေရှည်ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
၅။ Stress အသိပညာပေး အစီအစဉ်များပံ့ပိုးခြင်း
အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုများလျှော့ကျစေရန်အတွက် ကျွမ်းကျင်ပညာရှင်များအား ခေါ်ယူ၍ “ Stress Management Training Program “ များဖြင့် ပံ့ပိုးစီစဉ် ဆောင်ရွက်သင့်ပါသည်။ အကျိုးအနေဖြင့် ၀န်ထမ်းများသည် လုပ်ငန်းခွင်စိတ်ဖိစီးမှုများအခြေအနေများကို ကောင်းမွန်စွာဖြင့် ရင်ဆိုင်ကျော်ဖြတ်နိုင်မည်ဖြစ်ပါသည်။
Categories: Knowledge