Skill for Success

ကိုယ့်ရဲ့ CVကို လူတွေ့စစ်မေးခြင်းအတွက် ရွေးတဲ့ စာရင်းထဲ ပါအောင်ဘယ်လိုရေးကြမလဲ?

Home / Articles / ကိုယ့်ရဲ့ CVကို လူတွေ့စစ်မေးခြင်းအတွက် ရွေးတဲ့ စာရင်းထဲ ပါအောင်ဘယ်လိုရေးကြမလဲ?

ကိုယ့်ရဲ့ CVကို လူတွေ့စစ်မေးခြင်းအတွက် ရွေးတဲ့ စာရင်းထဲ ပါအောင်ဘယ်လိုရေးကြမလဲ?

ပုံမှန်အားဖြင့် အဖွဲ့အစည်းတွေမှာ လုပ်လျှောက်လွှာတွေ များပြားလွန်လှးတာမို့ အဲဒီထဲကမှ၉၀%ဟာ ပယ်ခံရလေ့ရှိပါတယ်။ ယေဘူယျအားဖြင့် အလုပ်ခန့်ထားမည့်သူတွေဟာ ပထမဆုံးအဆင့် အဖြစ် အလုပ်လျှောက်ထားသူရဲ့ ကိုယ်ရေးအကျဉ်း (CV) ကိုကြည့်ရှူပြီးမှ နောက်ရွေးချယ်ခြင်းအဆင့်များကို ပြုလုပ်လေ့ရှိကြပြီး ေjလျှာက်ထားသူဟာ နောက်လူတွေ့စစ်မေးခြင်း (Interview) ဒါမှမဟုတ် အခြားစစ်ဆေးခြင်းအဆင့်တွေ အတွက် သင့်လျှော်သူ ဟုတ်မဟုတ်ကို အောက်ပါ အချက်အလက်များအားလုံး ဒါမှမဟုတ် အချို့ကို လေ့လာသုံးသပ်လေ့ရှိကြပါတယ်။

၁။ ပထမအချက်အနေနှင့် စာလုံးပေါင်းသတ်ပုံများမှန်ကန်မှုမရှိသော ၊ စာလုံး အရွယ်အစား သေးငယ် လွန်းသော CV များကိုရွေးချယ်လေ့မရှိပါဘူး။
၂။ ခေါ်ယူသောအလုပ်အတွက်လိုအပ်သော အရည်အချင်းနှင့်အတွေ့အကြုံတွေ့ကိုယ့်မှာရှိခဲ့ရင် သေချာဦးစားပေးဖော်ပြထားရပါမယ်။ အလုပ်နေရာအတွက်ကိုယ်ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း သက်သေခိုင်လုံသော အကြောင်းခြင်းရာများကိုတင်ပြနိုင်လေလေ အရွေးချယ်ခံရဖို့ ရာခိုင်နှုန်းများလေလေ ပါဘဲ။
၃။ကိုယ့်ရဲ့ကိုယ်ရေးအကျဉ်း ဟာ ခုအလုပ်လျှောက်ချိန်မတိုင်ခင်အထိ အချက်အလက်များပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းထားပြီးသာဖြစ်ရပါမယ်။ လွန်ခဲ့သော လပေါင်းများစွာက CV ကို အသစ်ပြန်ပြင်ရေးခြင်းမပြုပဲ ပြီးစလွယ် စစ်ဆေးပြင်ဆင်ခြင်းမရှိပဲ လျှောက်ထားခြင်းမပြုသင့်ပါဘူး။
၄။ ကိုယ်ဖော်ပြထားသောအချက်အလက်တွေဟာ မှန်ကန်ပြီး ရှေ့နောက်ညီညွှတ်ခြင်းရှိရပါမယ်။ အချက်အလက်မမှန်မကန် ဖြည့်သွင်းထားသော အလုပ်လျောက်လွှာများက ရွှေးချယ်ခံလေ့မရှိပါဘူး။ ကိုယ်ဖော်ပြထားသော အရည်အချင်းအတွေ့အကြုံများအတွက်လည်း လူတွေ့စစ်မေးသည့်အခါ စစ်မေးသူက မေးလာခဲ့ရင် ဖြေဆိုနိုင်အောင် အသင့်ပြင်ဆင်ထားသင့်ပါတယ်။ ကျွမ်းကျင်သော လူတွေ့စစ်မေးသူများအနေဖြင့် CV တွင်ရေးထားသော အချက်အလက်များမှန်ကန်မှုရှိမရှိ နှင့် ရှေ့နောက်ညီညွှတ်မှုရှိမရှိကို အကဲဖြတ်နိုင်စွမ်းရှိကြပါတယ်။
၅။မည်သည့်အလုပ်ရှင်မဆို ၀န်ထမ်းတိုင်းကို အလုပ်ခွင်မှာ ၀န်ထမ်းချင်းပဲဖြစ်ဖြစ်၊ ကိုယ့်စျေး၀ယ်သူနဲ့ပဲဖြစ်ဖြစ် ၊ ကုန်ပစ္စည်းပေးသွင်းသူတွေနဲ့ပဲဖြစ်ဖြစ် အဆင်ပြေချောမွေ့စွာ ဆက်ဆံနိုင်သူကိုပဲ နှစ်သက်ကြပါတယ်။ ဒါကြောင့်ကိုယ်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းသူ၊ အကောင်းမြင်စိတ်ရှိသူ၊ အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိ့သူဖြစ်ရင် ကိုယ်ရေးအကျဉ်း CV မှာဖော်ပြခြင်းဟာ ရွေးချယ်ခံရရေးအတွက် အထောက်အပံ့ကောင်းဖြစ်ပါတယ်။
၆။ ကိုယ်ရဲ့လုပ်ရည်ကိုင်ရည်နှင့်စိတ်နေစိတ်ထားကို ထောက်ခံပေးမယ့်သူအမည်၊ရာထူးနှင့် ဆက်သွယ်ရန်လိပ်စာတို့ကို ထည့်သင့်ပါတယ်။ အလုပ်ရှင်တွေဟာ အလုပ်မခန့်ထားမီ ၀န်ထမ်းဖြစ်လာမည့်သူ ၏ နောက်ကြောင်းရာဇ၀င်ကို ယခင်အလုပ်ကအရာရှိ ဒါမှမဟုတ် ဒီခေတ်ကာလမှာတော့ လူမှုကွန်ယက်ကနေ အလွယ်တကူ လေ့လာစုံစမ်းနိုင်လေ့ရှိပါတယ်။
အထက်ဖော်ပြပါ အချက်အလက်တွေအတိုင်း သေချာစွာပြင်ဆင်ထားပြီးအလုပ်လျှောက်ကြမယ်ဆိုလျှင်တော့ ပဏာမစစ်ဆေးခြင်းအဆင့်မှာ အောင်မြင်မှုရရှိဖို့ အလားအလာကောင်းတွေ အများကြီးရှိနိင်ပါတယ်လို့ အကြံပြုချင်ပါတယ်။

Categories: Knowledge