Skill for Success

7 Tips for Online Learning

Home / Articles / 7 Tips for Online Learning

7 Tips for Online Learning

Online class တွေမှာ ကျောင်းသားနဲ့ ဆရာ အပြန်အလှန် ရင်းနှီးတဲ့ Relationship တစ်ခု ဖြစ်ဖို့က အရေးကြီးပါတယ် ။ထိုမှသာ ကျောင်း သားအနေဖြင့် မေးလိုသမျှကို ပွင့်ပွင့် လင်းလင်း မေးန်ိုင်မည် ဖြစ်ပြီး သင်ကြားရေးမှာ ပိုမို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။


(1)Teacher သို့မဟုတ် Instructor နဲ့ ရင်းနှီးစွာ ပြောဆိုဆက်ဆံပါ

- Online class တွေမှာ ကျောင်းသားနဲ့ ဆရာ အပြန်အလှန် ရင်းနှီးတဲ့ Relationship တစ်ခု ဖြစ်ဖို့က အရေးကြီးပါတယ် ။ထိုမှသာ ကျောင်း သားအနေဖြင့် မေးလိုသမျှကို ပွင့်ပွင့် လင်းလင်း မေးန်ိုင်မည် ဖြစ်ပြီး သင်ကြားရေးမှာ ပိုမို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

(2) Calssmate တွေနဲ့ ရင်းနှီးအောင် ဆက်ဆံပြောဆိုပါ

- လူမှုဆက်ဆံရေးကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ သင်ကြားမှုပြုလုပ်ရမယ်ဆိုရင် စိတ်ကျေ နပ်စရာဖြစ်မယ့် သင်ကြား မှုမျိုးရနိုင်ပြီး Online class တက်ရတာဟာ ကိုယ့်အတွက် တကယ် အကျိုးရှိစေမှာပါ။Online class တက်တဲ့အခါ camera ကို စိုက်ကြည့် နေတာမျိုး camera ကို off ထားတာမျိုး မပြုလုပ်ပဲ class အတွင်းရှိ သူငယ်ချင်းတွေနဲ့ အပြန်အလှန် မိတ်ဆက် ပြီး တိုင်ပင်ဆွေးနွေး မှုမျိုး ပြုလုပ်ပေးပါ။ အဆင်ပြေမယ်ဆိုရင်အတန်းချိန် ပြင်ပမှာလည်း group chat ဖွဲ့ပြီးစကား ပြောဆိုခြင်းဖြင့် ပိုမိုရင်းနှီးမှု ရအောင် လုပ်နိုင်ပါတယ်။

(၃) စာသင်ချိန်မှာ အာရုံစိုက်နိုင်အောင်ကြိုးစားပါ

- သာမာန်ပုံစံမဟုတ်ပဲ online ကနေ သင်ယူလေ့လာတဲ့ အခါ စိတ်ပျံ့လွင့်တတ်တာ သဘာဝ ပါ ။ ထိုအခါ ကိုယ့်အတွက် အရေးကြီးတဲ့ content တွေကို လွတ်သွားတတ်ပါတယ်။ စိတ်ပျံ့လွင့်မှု နည်းအောင်ကျောင်းသားများအတွက် ကောင်းမွန် တဲ့ Break time လို အပ်ပါတယ် ။ ထို့အပြင် မိမိ အနားမှာရှိတဲ့ စိတ်ပျံ့လွင့်စေနိုင်တဲ့ ဖုန်း ကဲ့သို့အစရှိတဲ့ ပစ္စည်းတွေကို အခြားအခန်းတစ်ခုခုထဲမှာ ဖြစ်ဖြစ် ထားခဲ့သင့်ပါတယ်။

(၄) တိကျတဲ့ ပန်းတိုင် သတ်မှတ်ပါ

- Online calss ဖြစ်တဲ့ အတွက် အချိန်ကြာလာတာနဲ့ အမျှ ပျင်းရိခြင်းနဲ့ အတူ စတဲ့ စိတ်ခံစားချက်တွေဖြစ်ပေါ်လာနိုင်ပါတယ်။ထို့အတွက် တစ်ပတ် စာ ကိုယ့်ရဲ့ အချ်ိန်ဇယား ကိုသေချာ ချမှတ်ပြီး ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ စိတ်ခွန်အားပေးပါ ။ဒီလို ဖြစ်တတ်တာ ဟာ သာမာန်ပဲမို့ အားမလျော့ပဲ ဆက်ကြ်ိုးစားစေချင်ပါတယ်။

(၅) နည်းပညာကို အသုံးပြုပြီး လေ့ကျင့်ပါ။

- Online calssမှာ ကိုယ့်အသုံးမပြုဖူးတဲ့ software တွေ tools အသစ်တွေ အသုံးပြုရတဲ့အခါ အခက်အခဲ တစ်ချို့ကြုံရတတ်ပါတယ်။ထိုအခါ သင်ကြားပေးတဲ့ သူကို ပွင့်လင်းစွာ မေးမြန်းပြီး သေချာ လိုက်လေ့ကျင့် မယ်ဆိုရင် ဒီပြသာနာကိုလည်းကောင်းစွာကျော်လွှာနိုင်မှာပါ။ အဓိက အရေးကြီးတာက နားမလည်တဲ့အရာကို အတန်းချိန် အတွင်းမှာ ထုတ် မေးဖို့ မရှက်ဖို့ပါ။

(၆) Privacy ရှိပါစေ။

- Online calss တက်တဲ့အခါ ပြင်ပ ဆူညံသံတွေအရမ်းမကြားရနိုင်တဲ့ နေရာကို အတတ်နိုင်ဆုံးရွေးချယ်ပါ။ ဆူညံသံတွေကြောင့် က်ိုယ်ပါမဟုတ် class အတွင်းက သူငယ်ချင်းတွေပါ အနှောက်အယှက်ဖြစ်စေပြီး ဆရာပြောတာတွေက်ိုလည်းရှင်းလင်းစွာ ကြားလိုက်ရမည် မဟုတ်ပါ။

(၇)ပင်ပန်းနွမ်းနယ်မှုကို ရှောင်ရှားနိုင်အောင်ကြိုးစားပါ။

- Online class တွေ သင်ကြားတဲ့အခါ အပြင်မှာ face to face သင်ကြားသလိုမဟုတ်တဲ့အတွက် အခက်အခဲ တွေရှိနိုင်ပါတယ်။ ကိုယ်တစ်ယောက်တည်း နာရီ အတော်ကြာ ထိုင်နေရတာ၊ အင်တာနက်အခက်အခဲ ၊ စတာတွေကြောင့် စိတ်ပင်ပန်းမှုဖြစ်စေနိုင်ပါတယ်။ထို့ကြောင့် break time မှာ လေကောင်းလေသန့်ရအောင်ရှူပါ။ရေထသောက်ပါ ။ တစ်ခုခု စားချင်တာမျ်ိုးရှိရင် စားထားပါ။ ပင်ပန်းတာတွေကို ခဏလောက်မေ့ထားပြီးနေပါ။အတန်းပြန်စတဲ့အခါ ပေါ့ပါးလန်းဆန်း ပြီး ပြန်လည် လေ့လာသင်ယူနိုင်အောင်စိတ်ကိုသေချာ အနားပေးပါ။

#ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
#skillsforsuccess

Categories: Knowledge