Skill for Success

Interview မေးခွန်းဟာ သင့်ကို အကျပ်ရိုက် စေမယ့် မေးခွန်းမျိုးဖြစ်ခဲ့ရင် ဘာလုပ်သင့်လဲ ?

Home / Articles / Interview မေးခွန်းဟာ သင့်ကို အကျပ်ရိုက် စေမယ့် မေးခွန်းမျိုးဖြစ်ခဲ့ရင် ဘာလုပ်သင့်လဲ ?

Interview မေးခွန်းဟာ သင့်ကို အကျပ်ရိုက် စေမယ့် မေးခွန်းမျိုးဖြစ်ခဲ့ရင် ဘာလုပ်သင့်လဲ ?

ကိုယ်မသိတဲ့ မေးခွန်းမျိုးကို ကြုံခဲ့ပြီဆိုရင် ပထမဆုံးအနေနဲ့ စိတ်ကိုငြိမ်သက်အောင် ထားပါ။ မဟုတ်ဘဲ အကြောက်လွန်သွားမယ် ဆိုရင် သင့်ရဲ့ ဇီဝကမ္မ ဖြစ်စဥ်တွေဟာ ပုံမှန် မဟုတ်တော့ဘဲ Blood pressure တွေတိုးလာမယ် ၊ နှလုံးခုန်မြန်လာမယ်။


(၁) စိတ်ကို တည်ငြိမ်အောင်ထားပါ ။

- ကိုယ်မသိတဲ့ မေးခွန်းမျိုးကို ကြုံခဲ့ပြီဆိုရင် ပထမဆုံးအနေနဲ့ စိတ်ကိုငြိမ်သက်အောင် ထားပါ။ မဟုတ်ဘဲ အကြောက်လွန်သွားမယ် ဆိုရင် သင့်ရဲ့ ဇီဝကမ္မ ဖြစ်စဥ်တွေဟာ ပုံမှန် မဟုတ်တော့ဘဲ Blood pressure တွေတိုးလာမယ် ၊ နှလုံးခုန်မြန်လာမယ်။သင်စတင်ပြီး Stress ခံစားရပြီဆိုတာနဲ့ ကောင်းမွန်တဲ့ အဖြေကို စဥ်းစားနိုင်တော့မှာမဟုတ်တော့ပါဘူး။အဲ့အတွက်ကြောင့် စိတ်တည်ငြိမ်အောင်ထားပြီး ကိုယ့်ကိုယ်ကို ပြောပါ " အခုချိန်မှာ ပြောင်းလဲ လို့မရတော့တဲ့အတွက် အကောင်းဆုံး ဖြတ်သန်းရမယ်" လို့ ကိုယ့်ကိုယ်ကို အားပေးပြီးအတည်ငြိမ်ဆုံးနဲ့ အသင့်တော်ဆုံး အဖြေကိုရှာဖွေပါ။

(၂) မသိဘူး လို့ ချက်ချင်းမပြောလိုက်ပါနဲ့

- သင်မသိတဲ့ မေးခွန်းမျိုးကို မေးခံရပြီဆိုလျှင် အချက်အလက်ကျကျမတွေးခေါ်ရသေးဘဲနှင့် မသိပါဘူး လို့ချက်ချင်း မပြောလိုက်ပါနှင့် ။အခြား Relate ဖြစ်တဲ့ သင့်သိတဲ့ အကြောင်းအရာတစ်ခုကနေ ကောင်းမွန်တဲ့အဖြေ တစ်ခုရအောင်ကြိုးစားကြည့်သင့်ပါတယ်။

(၃) မေးခွန်းကို ပြန်မေးပါ။

- သင်ဖြေစရာမဖြေမရှိတာ ဟာ တစ် ခါတစ်လေမှာ မေးခွန်းကို နားမလည်တာလည်းဖြစ်နိုင်ပါတယ်။ ထို့ကြောင့် အင်တာဗျူးတဲ့ သူကို မေးခွန်းပြန်မေးခြင်းဖြင့် မေးခွန်းကို အတွင်းကျကျ ပိုနားလည်ခြင်းဟာလည်း သင့်တော်မှန်ကန်တဲ့ အဖြေရဖို့ အထောက်အကူ ပြုနိုင်ပါတယ်။

(၄) သင်ဘယ်လို အဖြေကိုရှာဖွေမလဲဆိုတာ ပြောပြပါ

​- သင်ဟာမေးခွန်းရဲ့ အဖြေကို မသိခဲ့ရင်တောင်မှ သင်ဘယ်လိုရှာဖွေမလဲဆိုတာ ပြောပြပါ။အင်တာဗျူးတဲ့ သူဟာ ခက်ခဲတဲ့ မေးခွန်းမေးတယ်ဆိုတာ သင့်ရဲ့ တွေးခေါ်ပုံကို သိချင်တာလည်းပါပါတယ်။တစ်ခါတစ်ရံမှာ အဖြေမှတ်ထက် သင့်ရဲ့ တွေးခေါ်မှုဟာ ပိုအရေးကြီးပါတယ်။ သင်ဟာ ဘယ်လောက် ကိုယ်စွမ်းကိုယ်စ ရှိလဲ ၊အခက်အခဲ တွေကို အခြားသူအကူညှမယူဘဲ ဘယ်လိုဖြေရှငိးနိုင်လဲ စတာတွေကို သိချင်တာကြောင့်လဲ ခက်ခဲတဲ့ မေးခွန်းတွေကို မေးတတ်ပါတယ်။ အဖြေကို အတိအကျမသိကြောင်း ပွင့်လင်းစွာ ပြောထားခြင်းဖြင့်လည်း အင်တာဗျုးတဲ့ သူအားသင့်ရဲ့ ရိုးသားမှုကို ပြသပြီး ဖြစ်ပါတယ်။

(၅) အချိန်အခါကိုကြည့်တတ်ပါစေ။

- အပေါ်မှာဖော်ပြခဲ့သလို အဖြေကို မသိဘူးလို့ ချက်ချင်းဝန်မခံ ပါနဲ့ ဆိုနဲ့ နေရာမှာ တကယ်လို့ မေးခွန်းဟာ စကားလုံးတစ်ခုရဲ့ Definition ဖြစ်နေခဲ့မယ်ဆိုရင် သင်မမှတ်မိတော့ဘဲ ဘယ်လိုမှဖြေနိုင်မှာ မဟုတ်တော့ပါဘူး ။ ထိုအချိန်မျိုးမှာ တော့ သင်မှတ်သားဖူးပေမယ့် ချက်ချင်းမမှတ်မိနိုင်တော့တဲ့ အကြောင့်ကို ပွင့်လင်းစွာ ပြောပါ။ အင်တာဗျူးပြီးသွားတဲ့အခါကျရင် သေချာပေါက်ပြန်လေ့လာမယ်ဆိုတဲ့အကြောင်းကိုလည်း ပြောခဲ့ပါ။

(၆) Follow-up email ပို့ပါ

- အင်တာဗျူးပြီးလို့ ၅-၁၀ ရက်အတွင်း Follow up email ပို့ခြင်းဟာလည်း သင့်အတွက်ဒုတိယ အခွင့်အရေး ရနိုင်ပါတယ်။သင့်ရဲ့ Email မှာ အကျပ်ရိုက်ခဲ့တဲ့ မေးခွန်းကို မှန်ကုန်ပြေပြစ်စွာ ပြန်လည် ဖြေဆိုပေးခြင်းဖြင့် သင့်ရဲ့ အလေးထားမှုကို ပြသနိုင်ပါတယ်။

#ကူးယူဖော်ပြခွင့်မပြုပါ။
#skillsforsuccess

Categories: Knowledge