Skill for Success

အင်တာဗျူးတွေမှာ အမေးများလေ့ရှိတဲ့ "အရင်အလုပ်တွေကနေ ဘာကြောင့်ထွက်ခဲ့တာလဲ?" ဆိုတဲ့ မေးခွန်းကို ဘယ်လို ဖြေသင့်လဲ?

Home / Articles / အင်တာဗျူးတွေမှာ အမေးများလေ့ရှိတဲ့ "အရင်အလုပ်တွေကနေ ဘာကြောင့်ထွက်ခဲ့တာလဲ?" ဆိုတဲ့ မေးခွန်းကို ဘယ်လို ဖြေသင့်လဲ?

အင်တာဗျူးတွေမှာ အမေးများလေ့ရှိတဲ့ "အရင်အလုပ်တွေကနေ ဘာကြောင့်ထွက်ခဲ့တာလဲ?" ဆိုတဲ့ မေးခွန်းကို ဘယ်လို ဖြေသင့်လဲ?

"အရင်အလုပ်ကနေ ဘာကြောင့်ထွက်ခဲ့တာလဲ? ဆိုတဲ့ မေးခွန်းဟာ ဆိုရင် အင်တာဗျူးတော်တော်များများမှာ သင် ရင်ဆိုင်ရနိုင်တဲ့ မေးခွန်းမျိုးပါ။အင်တာဗျူးအတွက် ပြင်ဆင်ရတာဟာ စိန်ခေါ်မှု တစ်ခုလို ဖြစ်ပြီး အဲ့လို မေးခွန်းမျိုးတွေဟာဆိုရင် သင့်ကိုပို အခက်တွေ့စေမှာပါ။


"အရင်အလုပ်ကနေ ဘာကြောင့်ထွက်ခဲ့တာလဲ? ဆိုတဲ့ မေးခွန်းဟာ ဆိုရင် အင်တာဗျူးတော်တော်များများမှာ သင် ရင်ဆိုင်ရနိုင်တဲ့ မေးခွန်းမျိုးပါ။အင်တာဗျူးအတွက် ပြင်ဆင်ရတာဟာ စိန်ခေါ်မှု တစ်ခုလို ဖြစ်ပြီး အဲ့လို မေးခွန်းမျိုးတွေဟာဆိုရင် သင့်ကိုပို အခက်တွေ့စေမှာပါ။

မကောင်းတဲ့ အလုပ်ခွင်ပတ်ဝန်းကျင်ဖြစ်နေတာ၊ motivation မရှိတော့ဘဲ အလုပ်မှာစိတ်ပင်ပန်းဖိစီးလာတာ၊ မျှော်လင့်ထားတာတွေနဲ့ မကိုက်ညီတာ အစရှိသဖြင့် အလုပ်ထွက်ချင်ခဲ့တဲ့အကြောင်းအရာတွေဟာ အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ အခြေခံသဘောတရားအရတော့ ဒီလိုမေးခွန်းမျိုးအတွက် သင့်အဖြေတွေဟာ မလို လားအပ်တဲ့ အခြေအနေတွေကို စီမံနိုင်တဲ့ သင့်ရဲ့ ကိုယ်​ရည်ကိုယ်သွေး ကိုညွန်ပြပေးနိုင်ပါတယ်။

အလုပ်ထွက်ရခြင်းရဲ့အများဆုံးသော အကြောင်းအရာတွေက ဘာတွေလဲ?

- သင့်ရဲ့ Career ကိုပြောင်းချင်တာ
- Company ရဲ့ Values နဲ့ ကိုယ် စံ ထားထားတာတွေနဲ့ မကိုက်ညီတာ
- သင့်ကို ကတိပေးထားတဲ့ ရာထူးတိုးဟာ သင့်အတွက် မဟုတ်ခဲ့တာ
- လက်ရှိအလုပ်မှာ ကိုယ်ရပ်တန့်နေတယ်လို့ခံစားခဲ့ရတာ
- စိန်ခေါ်မှု အသစ်တွေလိုချင်လာတာ
- ပိုကောင်းတဲ့အခွင့်အလမ်းတစ်ခုကိုရှာဖွေ တွေ့ရှိခဲ့တာ
- နေမကောင်းတဲ့မိသားစုဝင်တစ်ယောက်ကို ပြုစုဖို့ရှိခဲ့တာ
- သင်ကိုယ်တိုင် နေမကောင်းဖြစ်ခဲ့တာ
- ပိုမိုကောင်းမွန်တဲ့ Career အခွင့်အလမ်းကို လိုချင်ခဲ့တာ
အခြေခံ အားဖြင့် အင်တာဗျူးအတွင်းမှာ ကိုယ့်ကိုယ်ကို ကောင်းမွနိသောပုံစံဖြင့်သာ ဖော်ပြချင်မှာပါ။ ဒါပေမယ့်လည်း အလုပ်ထွက်ရခြင်းအတွက် စံနမူနာ အကြောင်းပြချက်တွေကတော့ အနည်းငယ်သာရှိပါတယ်။ အဲ့မေးခွန်းအတွက် အဖြေတွေဟာ အခုလက်ရှိအလားအလာရှိနေတဲ့ အလုပ်ရှင်နဲ့ သက်ဆိုင်တဲ့ အဖြေ မျိုးသာများပါတယ်။ အလုပ်ခန့်အပ်သူ မန်နေဂျာအများစု ဟာလည်း အောက်ဖော်ပြတဲ့အဓိက သော့ချက် ၃ ခုကို ရှာဖွေ လေ့ရှိပါတယ်

(၁) သင်ဟာသင့်သဘောဆန္ဒအရအလုပ်ထွက်ခဲ့တာလား?
(၂) အရင်အလုပ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံ ရေးရှိပြီး အလုပ်ထွက််ခဲဲ့တာလား?
(၃) သင်အလုပ်ထွက်ခဲ့ရတဲ့အကြောင်းအရင်းဟာ လက်ခံနိုင်စရာရှိရဲ့လား?
အဲ့တာဆို ဘယ်လိုဖြေမလဲ?

​- သင်ဟာ တစ်ခါမှ အလုပ်မလုပ်ခဲ့ဖူး ခဲ့သူဖြစ်ရင်တောင် ဒီမေးခွန်းဟာ အလုပ်အင်တာဗျူးတွေမှာ ခဏခဏ ရင်ဆိုင်ရနိုင်တဲ့ မေးခွန်းပါ။ အလုပ်အသစ်ပြန်လည်ခန့်အပ်ရတာ ပြန်လည်လေ့ကျင့် သင်ကြားပေးရတဲ့ စရိတ်တွေဟာ များပြားတဲ့အတွက် အလုပ်ရှင်တွေဟာ သူတို့ရဲ့ Organisation ရဲ့ mission တွေ နဲ့ သင်ဟာ ဘယ်လောက်ကိုက်ညီတယ်ဆိုတာကို သေချာအကဲဖြတ်ချင်တဲ့အပြင် သင်ဟာမှန်ကန်တဲ့အကြောင်းပြချက်နဲ့ အလုပ်လျှောက်နေတာ ဟုတ်ရဲ့လားလို့လည်း အသေအချာ သိချင်ကြပါတယ်။
- အလုပ် ဘာကြောင့် ထွက်ခဲ့ရတယ်ဆိုတဲ့ မေးခွန်းဟာ သင့်ကို အနှောက် အယှက် အဖြစ်ခံမယ့်အစား သင်ဒီမေးခွန်းအတွက်အဖြေကို ကောင်းမွန်စွာဖြေနိုင်ဖို့ လေ့လာ သွားမယ်ဆိုရင် အလုပ်ရဖို့ အတွက် အခွင့်အရေးတွေ တိုးတက် စေမှာပါ
သင့်အဖြေဟာ Career နဲ့ ပတ်သက်တဲ့ အဖြေမျိုးလား

- Responsibilities တွေ ပိုများတဲ့ အလုပ်ကို လုပ်ချင်တာ ဒါမှ မဟုတ် ရာထူးတိုးရချင်တာစတဲ့ အကြောင်းအရာတွေနဲ့ သင့်ရဲ့ Career သင့်မြှင့်တင်ချင်ပါတယ် လို့ ဖြေတဲ့အခါ သင့်ရဲ့အရင်အလုပ်ဟာ သင့်အတွက်နောက်ဆုံး အဆုံးသတ်ဖြစ်ခဲ့သလို ဖော်ပြချက်မျိုး မဖြစ်အောင် သတိထားသင့်ပါတယ်။ သင့်အခုလျှောက်မယ့် ရာထူး နဲ့ ရလာနိုင်တဲ့ စိန်ခေါ်မှုတွေဟာ သင့်အရည်အသွေးအတွက် အခွင့်အလမ်းတွေဖြစ်တယ်ဆိုတာ တင်ပြခြင်းဖြင့်သာ ဦးတည်၍ဖြေသင့်ပါတယ်။
- သင့်ရဲ့ Career ကိုပြောင်းချင်တာဆိုတဲ့ အဖြေမျိုးဖြေမယ်ဆိုရင်သင်ဟာ အပြောင်းအလဲမြန်မြန်နဲ့ အလုပ်ပြောင်းတတ်သူအဖြစ် မဖော်ပြမိအောင်ဂရုစ်ိုက်သင့်ပါတယ်။ယခုရာထူးအတွက် အသင့်တော်ဆုံး Candidate ဆိုတာပြသမယ့် သင့်ရဲ့ Skills တွေ Experience တွေအပြင် သင် လိုချင်တဲ့ ရာထူးအတွက် သင်ဖြတ်ကျော်ခဲ့ရတဲ့ လိုအပ်တဲ့ အဆင့်တွေကိုလည်း ဖော်ပြဖို့ မမေ့ပါနဲ့။

သင့်အဖြေဟာ Personal နဲ့ ပတ်သက်တဲ့ အဖြေမျိုးလား?

- သင်ဟာ Work-life balance ပိုဖြစ်တဲ့ နေရာကိုရှာနေတယ်လို့ဖြေမယ်ဆိုရင် သင့်အရင်အလုပ်မှာ work-life balance ဖြစ်ခဲ့တဲ့အချိန်မှာ သင့်ရဲ့ Productivity တွေဘယ်လို တက်ခဲ့ရတယ်ဆိုတာအပြင် သင့်ရဲ့အလုပ်အကိုင် အရည်အသွေး တွေဘယ်လို ကောင်းမွန်ခဲ့တယ်ဆိုတာကိုရှင်းပြပေးပါ။
- သင်ဟာ အလုပ်ဖြုတ်ခံရတယ်ဆိုတာကိုဖြေမယ်ဆိုရင် အရင်အလုပ်ရှင်က်ို အပုပ်ချသလိုဖြစ်စေမယ့်အကြောင်းအရာမျိုးတွေကို ရှောင်ကြဥ်ပြီး အဖြေကို ရိုးသားစွာနဲ့ တိုတိုတုတ်တုတ်ဖြေပေးပါ။ အခြားနောက်ဆက်တွဲမေးခွန်းတွေဖြေလာစေမယ့်အဖြေမျိုးတွေ​ရှောင်ရှားပါ။အဲ့အခွင့်အရေးကို အသုံးချပြီးသင်ဘယ်လို အတွေ့အကြုံတွေရရှိခဲ့ပြီး သင့်ရဲ့ ရာထူးအသစ်မှာ ဘယ်လို အောင်မြင်အောင် အသုံးချနိုင်မယ်ဆိုတာ ကို ပြသပေးပါ။

ဘာတွေ မပြောရဘူးလဲ?

- အလုပ်ထွက်ခဲ့ရတဲ့ အကြောင်းပြချက်ကို ကောင်းမွန်တဲ့ နည်းလမ်းတွေဖြင့်သာဖော်ပြ နိုင်သော်လည်း အဖြေတွေဟာ ရိုးသားဖို့လိုပါတယ်။ ဒါပေမယ့် အောက်ဖော်ပြပါ အကြောင်းအရာတွေကိုတော့ မပြောမိအောင်ရှောင်ကြဥ်သင့်ပါတယ်။
- ကိုယ့်သဘောနဲ့ကို အလုပ်ထွက်ဖို့ တောင်းဆိုခံခဲ့ရတာ
- ကိုယ့်အလုပ်ရှင်နဲ့ကိုယ်ဟာ အဆင်မပြေတာ
- လစာ ကောင်းကောင်းမရတာ

သင်အလုပ်ထွက်ခဲ့ရတဲ့ အကြောင်းပြချက်ဟာ သင့်ရဲ့အမှားမဟုတ်ခဲ့သည့်တိုင်အောင် အထက်ကလို အကြောင်းအရာတွေဟာသင့်အတွက် အင်တာဗျူးမှာ ကောင်းမွန်စေမှာ မဟုတ်ပါဘူး။ အဓိကအရေးအကြီးကတော့ သင့်ရဲ့အဖြေတွေဟာ Professional ဆန်ပါစေ။ တိုတိုနဲ့လိုရင်းကိုဖော်ပြပြီး ကိုယ့်ရဲ့ အားသာချက်တွေကို အာရုံစိုက်ပါ။
(#ကူးယူဖော်ပြခြင်းသည်းခံပါ)
#skillsforsuccess

Categories: Knowledge