Career ပြောင်းခြင်းနဲ့ အလုပ်အသစ်တွင် ရပ်တည်ဖို့ လိုအပ်ချက် ၃ ချက်
ဘယ်အလုပ်မျိုးကိုစိတ်ဝင်စားလဲဆိုတာ ကိုယ့်ကိုယ်ကိုပိုမို သိရှိအောင် အချိန်ယူ စဥ်းစားပါ။ရေရှည်မှာ ကိုယ့်ကိုယ်ကို ဘယ်အလုပ်အကိုင်မျိုး ကို လုပ်ကိုင်နေတယ်လို့ မြင်ချင်ပါလဲ?
ကိုယ်ဘယ်နေရာကို သွားဖို့ စိတ်ဝင်စားလဲအရင်သိရှိအောင်လုပ်ပါ
- ဘယ်အလုပ်မျိုးကိုစိတ်ဝင်စားလဲဆိုတာ ကိုယ့်ကိုယ်ကိုပိုမို သိရှိအောင် အချိန်ယူ စဥ်းစားပါ။ရေရှည်မှာ ကိုယ့်ကိုယ်ကို ဘယ်အလုပ်အကိုင်မျိုး ကို လုပ်ကိုင်နေတယ်လို့ မြင်ချင်ပါလဲ? ကိုယ် နောက်ဘယ်နေရာကို သွားချင်လဲ ဆိုတာ သိရဖို့အတွက် ကိုယ် ဘယ်အရာမှာ စိတ်အားထက်သန်လဲ ဆိုတာကို စူးစမ်းလေ့လာပါ။
- ရွေးချယ်မှု ပိုနည်းအောင် အလုပ်နောက်ကွယ်မှာရှိတဲ့ကိုယ့်ရဲ့ အကြောင်းပြချက်ကို ရှာဖွေပါ။(ဥပမာ- လစာ ပိုများတဲ့ အလုပ်မျိုး ကိုရှာနေတာလား? ကိုယ်လိုချင်တဲ့ Career ကို တိုက်ရိုက်သွားချင်တာလား?
- ကိုယ်နှစ်သက် ပျော်ရွင်ရတဲ့အလုပ်ကို လုပ်ကိုင်နေတယ်ဆိုရင် အဲ့အလုပ်မှာ ကိုယ်ဟာ အောင်မြင်မှု ကျေနပ်မှုတွေ ရရှိနေမှာဖြစ်ပါတယ်။အကယ်၍ အလုပ်အသစ်ဟာ အဲ့အရာတွေ ရမယ်ဆိုရင် ကိုယ်ဟာမှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။နောက်တစ်ဆင့် အနေဖြစ် ကိုယ့်ရဲ့ လုပ်ငန်းအမျိုးအစားကိုပြောင်းဖို့ စဥ်းစားခြင်းဟာလည်း ကိုယ့်ရဲ့ အရည်အချင်းတွေကို တိုးတက် ပြောင်း လဲစေနိုင်ပါတယ်။
Transferable skills တွေကို စုဆောင်းထားပါ
- Transferable skills ဆိုတာ အကြမ်းဖျင်းအား ဖြင့် အခန်း၊ကဏ္ဍ (Roles )တော်တော်များများ မှာအသုံးချနိုင်တဲ့ Skills တွေဖြစ်ပါတယ် ။ Interpersonal skills , organizational skills, analytical skills စတာတွေဟာ Transferable skills တွေ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ဟာ အဲ့ Skills တွေ ပိုင်ဆိုင်မယ်ဆိုရင် မတူညီတဲ့ လုပ်ငန်းအမျိုးအစား တစ်ခုကို ပြောင်းလိုက် တဲ့အခါ မှာလည်းကိုယ့်ရဲ့ အခန်း၊ကဏ္ဍ အသစ် ( New role ) မှာ အသုံးချနိုင်မှာပါ။
- ကိုယ့်ရဲ့ အားသာချက်ကိုရှာဖွေ ပြီးမတူညီတဲ့အလုပ်ပတ်ဝန်း ကျင်မှာ ကိုယ့်ရဲ့ ဘယ်အားသာချက်တွေက ကိုယ့်ကို ပိုမိုကောင်းမွန်တဲ့ employeeတစ်ယောက် ဘယ်လို ကူညီနိုင်မလဲ ဆိုတာ သိရှိအောင်လုပ်ပါ။ ( ဥပမာ - ကိုယ်ဟာ လူတွေ နဲ့ ဆက်ဆံ ရတဲ့နေရာမှာ ကျွမ်းကျင်မှုရှိရင် clients တွေ customers တွေနဲ့ ထိတွေ့ ဆက်ဆံ ပြီး ပြသာနာတွေ ကိုင်တွယ်ဖြေရှင်းရတဲ့ Role ဟာ ကိုယ့်အတွက် သင့်လျော်မှာပါ။ ဒါမှာ မဟုတ် ကိုယ်ဟာ ဖိအားတွေ အောက်မှာ အလုပ်လုပ်နိုင်သူဆိုရင်တော့ အရောင်း ( Sales ) ပိုင်းက ကိုယ့်အတွက် သင့်တော်ပါလိမ့်မယ်။)
- ကိုယ်လိုချင်တဲ့ အလုပ်သစ်မှာ လိုအပ်တဲ့ skills တွေ ကိုယ့်မှာရှိနေခြင်း ဖြင့် အလုပ်ခန့်အပ်ခြင်း လုပ်ငန်းစဥ်မှာ ကိုယ့်ကို တစ်ဆင့်ပြီးတစ်ဆင့် တွန်းတင်ပေးနိုင်ပါတယ်။
- ကိုယ်ဟာ အလုပ် သစ် ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်မယ်လို့ ကိုယ့်ကိုယ်ကို သိရှိယုံကြည် နေခြင်း ဟာလည်း ရှေ့ဆက်ဖို့ အတွက် ယုံကြည်ချက်တွေ စိတ်အားထက်သန်မှုတွေ ရရှိစေပါတယ်။
စူးစမ်းရှာဖွေ လေ့လာနိုင်မယ့် နည်းလမ်းတွေရှာဖွေပါ
- လုပ်ငန်းအသစ်မှာ ကိုယ့်ကိုယ်ကိုစတင် မိတ်ဆက်နိုင်ဖို့ နည်းလမ်းများစွာရှိပါတယ်။Online class တွေ Short course တွေနေလည်း ကိုယ်မသိသေးတဲ့အရာတွေ ပိုမိုရရှိနိုင်သလို Work shop တွေ short-term training တွေ တက်ရောက်ခြင်းဖြင့်လည်း သက်ဆ်ိုင်ရာ skills တွေ တိုးတက်နိုင်ပါတယ်။ Internship position တွေ Volunteer position ခေါ်ယူနေတဲ့ Companies တွေကိုရှာဖွေပြီး ဝင်ရောက်လုပ်ကိုင် ခြင်းဖြင့်လည်း ကိုယ့်ရဲ့ အနာဂတ် အိပ်မက် ထဲက role တစ်ခုကို အထောက်အကူဖြစ်စေနိုင်ပါတယ်။
- အကူအညီ တောင်းဖို့ မရှက်ပါနဲ့။ ကိုယ်ကိုယ်တိုင် မဆုံးဖြတ်နိုင်ရင် အလုပ်အကိုင် အကြံပေး ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စဥ်းစားပါ ။သူတို့မှာ ကိုယ်ရရှိနိုင်တဲ့အခွင့်အလမ်းတွေ ၊ ကိုယ်စိတ်ဝင်စားနဲ့ လုပ်ငန်းအမျိုးအစားတွေ ၊ အလုပ်နဲ့ပတ်သက်တဲ့ အမြင်တွေစတဲ့ အခြား ပိုမ်ိုကောင်းမွန်တဲ့ အတွေးအခေါ်တွေ ဗဟုသုတတွေ ရှိတာမို့ ကိုယ့်ကိုယ် အကြံဉာဏ်ကောင်းတွေ ပေးနိုင်ပါလိမ့်မယ်။
- ကိုယ့်ရဲ့ အနာဂတ်ပန်းတိုင်တွေနောက်ကို အမှီလိုက်ဖို့ ဘယ်တော့မှ နောက်ကျတယ်ဆိုတာမရှိသလို ကိုယ့်ဘဝအတွက် အရေးပါလှတဲ့ အလုပ်အကိုင် တစ်ခုကို ရှာဖွေဖို့လည်း ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။
Categories: Knowledge