Skill for Success

စာဖတ်ခြင်း

Home / Articles / စာဖတ်ခြင်း

စာဖတ်ခြင်း

စာဖတ်ခြင်းသည် ဦးစားပေးလုပ်ရမည့် အလေ့အကျင့်တစ်ခုဖြစ်တယ်လို့ လေ့လာတွေ့ရှိချက်များကဆိုသည် ။


ရသစာပေဖတ်ခြင်းက စိတ်သဘောထားအမြင် ကျယ်ပြန့်စေတယ်။ ရသစာပေတွေက ဇာတ်ကောင်တွေရဲ့ နေရာက နေ နားလည်ခံစားပေးခြင်းအားဖြင့် ဘဝအ တွေ့အကြုံသစ်တွေကို ရရှိတိုင်း ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုကို လှုံ့ဆော်ပေးတယ်လို့လဲ သိပ္ပံနည်းကျတွေ့ရှိချက်များက ဆိုတယ်။သူများတွေရဲ့ အမြင်က နေ နားလည်ကြည့်ရှုပေးခြင်းဟာလဲ တွေးခေါ်မှုတွေကို ပုံသေ တသမတ်တည်းမဖြစ်အောင်လေ့ကျင့်ပေးတယ်လို့လဲ လေ့လာတွေ့ရှိချက်များက ဆိုတယ်။
စာဖတ်ခြင်းက မှတ်ဥာဏ် ဆုတ်ယုတ်ခြင်းကိုကာကွယ်ပေးတယ်။ သုံးရင်သုံး မသုံးရင်ဆုံးမယ်ဆိုသလို ဥာဏ်စွမ်းရည်က လေ့ကျင့်ပေးရမယ့်အရာဖြစ် ပြီး မလေ့ကျင့်ရင် အသုံးမချေတာ့ရင် တုံးသွားနိုင်ပါတယ်။ စာဖတ်ခြင်းကနေ တွေးတောဆင်ခြင်မှတ်ရှုမှုပြုခြင်းဟာလည်း ဥာဏ်ရည်သွေးတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
စာအုပ်ဖတ်ခြင်းဟာ အီးဘုတ်ဖတ်ခြင်းထက် မှတ်ဥာဏ်ကိုပိုကောင်းစေပါတယ်
စာအုပ်ကိုလက်မှာကိုင်ဖတ်ခြင်းဖြင့် ဘယ်စာကြောင်းဟာ ဘယ်စာမျက်နှာညာထောင့်မှာရှိတယ် အပေါ်မှာရှိတယ်
အောက်မှာရှိတယ် ဆိုတာကို မသိစိတ်က လိုက်မှတ်နေပြီး ကိုယ်ဖတ်နေတာ ပြီးဖို့ ဘယ်လောက်ခရီးရောက်နေပြီလဲဆိုတာကိုလဲ​သတိပေးတယ်။ ပြီးတော့ စာအုပ်ကိုင်ပြီးဖတ်ခြင်းကနေ အာရုံစူးစိုက်မှုကိုလဲ ပိုကောင်းစေတယ်။
စာဖတ်ခြင်းဟာ အောင်မြင်ထွန်းပေါက်သူတွေရဲ့အလေ့အကျင့်တစ်ခုဖြစ်တယ်။ အောင်မြင်ထိပ်တန်းရောက်နေသူအချို့ကို စစ်တမ်းကောက်ကြည့်တော့ စာဖတ်တဲ့အလေ့အကျင့်ဟာ သူတို့ဆီမှာ တွေ့မြင်ရတဲ့ ဘုံအလေ့အကျင့်တစ်ခုဖြစ်နေတယ်။ စစ်တမ်းတွေအရ စာဖတ််ခြင်းဟာ အောင်မြင်မှုအတွက် ငြင်းမရနိုင်တဲ့ အချက်တစ်ခုဖြစ်နေတယ်။
Ref Daily habit of reading books should be your priority according to science
credit : https://www.inc.com
Photo : credit

Categories: Knowledge