Skill for Success

Career Change

Home / Articles / Career Change

Career Change

လမ်းကြောင်းသစ်တစ်ခုကို စလျှောက်တော့မယ် ကိုယ့်အတွက် အတွေ့အကြုံမရှိသေးတဲ့နယ်ပယ်ကို
စတင်၀င်ရောက်တော့မယ်ဆိုရင် ဘယ်ကစရမယ်မှန်း မသိသေးတာက ကိုယ်တစ်ယောက်တည်းပဲလို့
မတွေးလိုက်ပါနဲ့။ လူအတော်တော်များများလည်း ကိုယ့်လို ဘယ်ကစရမှန်း မသိခဲ့တဲ့ အခြေအနေကပဲ
စခဲ့ပြီးအောင်မြင်လာခဲ့ကြတာပါဘဲ။ ပြောင်းလဲတဲ့အခါ အရေးပါတဲ့အချက်တွေကတော့-


ယခုတလော ကျမတို့ပတ်၀န်းကျင်မှာ လက်ရှိအခြေအနေဲ့ အလုပ်အကိုင်အနေအထားကို
ငြီးငွေ့လာလို့ပဲဖြစ်ဖြစ်၊ စိန်ခေါ်မှုအသစ်တွေကိုလိုချင်လို့ပဲဖြစ်ဖြစ် ပိုမိုကောင်းမွန်တဲ့
လမ်းကြောင်းသစ်တစ်ခုကို လျှောက်လှမ်းချင်ကြလို့ career change/ career switch လုပ်ချင်လို့
အကြံတောင်းလာကြတာတွေ မကြာခဏကြုံရလို့ ဒီစာလေးကိုရေးဖြစ်ပါတယ်။
လမ်းကြောင်းသစ်တစ်ခုကို စလျှောက်တော့မယ် ကိုယ့်အတွက် အတွေ့အကြုံမရှိသေးတဲ့နယ်ပယ်ကို
စတင်၀င်ရောက်တော့မယ်ဆိုရင် ဘယ်ကစရမယ်မှန်း မသိသေးတာက ကိုယ်တစ်ယောက်တည်းပဲလို့
မတွေးလိုက်ပါနဲ့။ လူအတော်တော်များများလည်း ကိုယ့်လို ဘယ်ကစရမှန်း မသိခဲ့တဲ့ အခြေအနေကပဲ
စခဲ့ပြီးအောင်မြင်လာခဲ့ကြတာပါဘဲ။ ပြောင်းလဲတဲ့အခါ အရေးပါတဲ့အချက်တွေကတော့-
၁။ ကိုယ်အောင်မြင်မှုအတွက် ဘယ်လိုအလုပ်မျိုးကို ရွေးချယ်သင့်သလဲ စဥ်းစားပါ။
ယခုလို ကမ္ဘာ့ကပ်ရောဂါကြီးကနေ ပြန်လည်နိုးထလာမယ့် ကမ္ယာကြီးမှာ digital skills တွေက
ပိုမိုအရေးပါတဲ့ အခန်းကဏ္ဌမှာပါ၀င်လာတာတော့ လူတိုင်းသတိထားမိကြမှာပါ။ the World
Economic Forum ပြုလုပ်ခဲ့တဲ့  Future job survey အရ data analytics, digital marketing,
digital transformation and AI နည်းပညာတွေဟာ အနာဂတ်လုပ်ငန်းခွင်မှာ အရေးပါလာမှာမို့
ဒီလိုပညာရပ်ကို တတ်မြောက်ထားတဲ့သူတွေအတွက်တော့ အလားအလာကောင်းမယ်ဆိုတာ
ကြိုတင်ခန့်မှန်းကြပါတယ်။
၂။ မိမိရဲ့ အားသာချက်ကို သိရှိအောင်လုပ်ပြီး ကြုံလာမယ့် စိန်ခေါ်မှုတွေအတွက်ပြင်ထားပါ။
လူတိုင်းမှာ အားသာချက်ကိုယ်စီရှိကြပါတယ်။ မိမိက ဘယ်မှာအားသာလဲ ဥပမာ။ ကိန်းဂဏန်းတွေနဲ့
အလုပ်လုပ်ရတာကြိုက်တလား။ ဒါမှမဟုတ် ဒီဇိုင်းပုံဖော်ခြင်းနဲ့ပတ်သက်ပြီး
စိတ်ကူးတွေကောင်းတာလား ။ လူတွေနဲ့ စကားပြောရတာကို နှစ်သက်တာလား အစရှိသဖြင့် မိမိရဲ့
အားသာချက်တွေကို သေချာပြန်ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ နယ်ပယ်အသစ်မှာ လိုအပ်နိုင်တဲ့
အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေကို အလုပ်ခေါ်စာတွေကနေကြိုတင်ကြည့်ရှုပြီး မိမိနှင့်ကိုက်ညီမှုရှိမရှိကို
လေ့လာနိုင်ပါတယ်။ ကြုံလာနိုင်တဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေဆီကနေ သင်ယူရင်း ကြံ့ကြံ့ခံ

ရင်ဆိုင်နိုင်ဖို့ growth mindset ကိုလည်း မွေးမြူပြီး လိုအပ်တဲ့ နည်းပညာနှင့် စွမ်းရည်များကို
တတ်နိုင်သမျှ သင်ယူရင်း အတွေ့အကြုံကြိုးစားယူရင်း ရှေ့ဆက်နေဖို့ လိုအပ်ပါတယ်။
၃။ မိမိရွေးချယ်တဲ့ အလုပ်သစ်မှာ လိုအပ်တဲ့ပညာကို ဆက်လက်ပြီးမဆုတ်မနစ်သင်ယူနိုင်စွမ်းရှိပါစေ။
မိမိပြောင်းလဲလုပ်ဆောင်လိုတဲ့ အလုပ်နေရာအတွက် အရည်အချင်းနဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှု skills
တွေကိုကြိုးစားသင်ယူပြီး အလုပ်တွေလျှောက်ထားနေဆဲဖြစ်ဖြစ်၊ အလုပ်ရရှိပြီးသည့်အချိန်ပဲဖြစ်ဖြစ်
သင်ယူမှုကို ရပ်တန့်မသွားစေပဲ တတ်နိုင်သမျှ ဆက်လက်သင်ယူနေဖို့အတွက် ယခုခေတ်မှာတော့ You
tube, e-learning websites, podcast အစရှိသဖြင့် အွန်လိုင်းကနေ ကြိုးစားသင်ယူနေလို့ရပါသေးတယ်။
ကိုယ်အလုပ်လုပ်မယ့်နိုင်ငံပေါ်မူတည်ပြီး လိုအပ်တဲ့ ဘာသာစကားတွေကိုလည်း ကျွမ်းကျင်အောင်
သင်ယူထားသင့်လို့ အထူးသဖြင့် နိုင်ငံအတော်များများမှာ အသုံးပြုတဲ့ English
ဘာသာစကားကျွမ်းကျင်မှုကလည်း မိမိဘ၀အတွက်အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။
အလုပ်ရှာရာမှာပဲဖြစ်ဖြစ် အလုပ်ခွင်မှာပဲဖြစ်ဖြစ် အရေးပါတဲ့ languages ဘာသာစကားတွေကို
အွန်လိုင်းကနေ အကုန်အကျမများပဲ လေ့လာနိုင်မယ့် link အချို့ကိုလည်း
အောက်မှဖော်ပြပေးထားပါတယ်။
https://www.youtube.com/c/EnglishwithLucy
https://www.youtube.com/c/TeacherVanessa
https://learnenglish.britishcouncil.org/
https://www.coursera.org/learn/careerdevelopment
https://www.youtube.com/c/EnglishwithLuke
https://www.youtube.com/c/bbclearningenglish
Ref:
https://www3.weforum.org/docs/WEF_Future_of_Jobs_2020.pdf

Categories: Knowledge