Skill for Success

ရန်အစီအစဥ် သို့မဟုတ် Backup plan သို့မဟုတ် Plan B

Home / Articles / ရန်အစီအစဥ် သို့မဟုတ် Backup plan သို့မဟုတ် Plan B

ရန်အစီအစဥ် သို့မဟုတ် Backup plan သို့မဟုတ် Plan B

အရန်အစီအစဥ် ဆိုတာ မိမိစီစဥ်ထားတဲ့ အတိုင်းမဖြစ်လာခဲ့ရင် ကိုယ်ဘယ်လို စီစဥ်မလဲဆိုတာပဲ။ ဥပမာပြောရမယ်ဆိုရင် ကိုယ်က လူတွေ့စာမေးပြွဖြေဖို့ အများသုံး ဘတ်စ်ကားနဲ့ သွားပေမယ့် ကားပျက်တာဖြစ်ဖြစ် ၊ မတော်တဆ တစ်စုံတစ်ခုဖြစ်လာတဲ့အခါ ကိုယ်လိုရာခရီးကို အချိန်မီရောက်အောင် ဆက်သွားဖို့အတွက်ကို နောက်ဘတ်စ်ကားတစ်စီးပြောင်းစီးတာမျိုး၊ အခြေအနေအရ အငှားကားဖြစ်ဖြစ်ငှားစီးရတာမျိုး အတွက် တတ်နိုင်စွမ်းရှိအောင်ကြိုတင်စီစဥ်ထားတာမျိုးဖြစ်တယ်။


အရန်အစီအစဥ် ဆိုတာ မိမိစီစဥ်ထားတဲ့ အတိုင်းမဖြစ်လာခဲ့ရင် ကိုယ်ဘယ်လို စီစဥ်မလဲဆိုတာပဲ။ ဥပမာပြောရမယ်ဆိုရင် ကိုယ်က လူတွေ့စာမေးပြွဖြေဖို့ အများသုံး ဘတ်စ်ကားနဲ့ သွားပေမယ့် ကားပျက်တာဖြစ်ဖြစ် ၊ မတော်တဆ တစ်စုံတစ်ခုဖြစ်လာတဲ့အခါ ကိုယ်လိုရာခရီးကို အချိန်မီရောက်အောင် ဆက်သွားဖို့အတွက်ကို နောက်ဘတ်စ်ကားတစ်စီးပြောင်းစီးတာမျိုး၊ အခြေအနေအရ အငှားကားဖြစ်ဖြစ်ငှားစီးရတာမျိုး အတွက် တတ်နိုင်စွမ်းရှိအောင်ကြိုတင်စီစဥ်ထားတာမျိုးဖြစ်တယ်။ စီးပွားရေးလုပ်ငန်းဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာအချက်အလက် ဘွဲ့လက်မှတ်၊ အလုပ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေဟာလည်း အရေးပါလာတာမို့ အချက်အလက်တွေကို တစ်နေရာတည်းမှာသိမ်းမထားပဲ တစ်စုံတစ်ခုဖြစ်လာရင်၊ ပျက်ဆီးပျောက်ဆုံးသွားရင် နောက်တစ်နေရာက ယူလို့ရနိုင်အောင် နှစ်နေရာ သုံးနေရာခွဲပြီး သိမ်းဆည်းစီမံထားသင့်ပါတယ်တယ်။ အလုပ်နေရာတစ်ခုက ကိုယ်နဲ့ထိုက်တန်ရဲ့သားနဲ့ ဘွဲ့လက်မှတ်ပျောက်နေတာမျိုး၊ လုပ်ငန်းကျွမ်းကျင်မှုလိုင်စင်ရှာမရတော့တာမျိုးအတွက် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အသေးစားအလတ်စား စီးပွားရေးတွေမှာဆိုရင် အန္တရာယ်တစ်စုံတစ်ခုကျရောက်လာတဲ့အခါ ကြိုတင်စီမံမှု မရှိတဲ့အတွက်ပြိုလဲသွားတာမျိုးတွေလည်း မကြာခဏတွေ့ဖူးကြရတယ်။ လုပ်ငန်းခွင်ထဲမှာ ငွေကြေးပြတ်လပ်မှုမရှိအောင် ကြိုတင်ဘဏ္ဏာရေးစီမံကိန်းရေးဆွဲပြီး ငွေပြတ်မယ့်အနေအထားကို တွေ့လာရင် အရံငွေကြေးကို ဘယ်ကနေ ရယူမလဲဆိုတာမျိုး၊ ကုန်ပစ္စည်းကို ကိုယ်‌၀ယ်ယူနေကျနေရာကနေ ရုတ်တရက်မရနိုင်တော့အခြေအနေမျိုးအတွက် suppliers တစ်ဦးတည်းကိုပဲ မှီခိုနေတာမျိုးမလုပ်ပဲ စျေးကွက်ထဲမှာ ရှိတဲ့ ကုန်ပစ္စည်းပေးသွင်းသူတွေရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းထားတာမျိုး။ ကိုယ့်လုပ်ငန်းခွင်ထဲက ၀န်ထမ်းတွေ ခွင့်ယူတဲ့အခါ ဒါမှမဟုတ် အလုပ်ခွင်မှ နှုတ်ထွက်သွားတဲ့အခါ စီမံနိုင်ဖို့အတွက် လုပ်ငန်းခွင်ဆက်ခံမှု succession plan ကြိုတင်စီမံထားတာမျိုး အရန်အစီအစဥ်များကိုလည်း ကြိုတင်တွေးဆထားသင့်ပါတယ်။ အောင်မြင်တဲ့သူတစ်ယောက်၊ အောင်မြင်တဲ့လုပ်ငန်းကို ဦးဆောင်နေသူတစ်ယောက်ဟာ မမျှော်လင့်ပဲရင်ဆိုင်ရနိုင်တဲ့အခြေအနေတစ်ခုအတွက် အကောင်းဆုံးစီမံထားနိုင်စွမ်းရှိကြသူတွေဖြစ်ပါတယ်။
#skillsforsuccess
#PlanB
#Backupplan
#Job
#career #success

Categories: Knowledge