Skill for Success

You’re in a Toxic Working Environment and How To Handle It.

Home / Articles / You’re in a Toxic Working Environment and How To Handle It.

You’re in a Toxic Working Environment and How To Handle It.

You’re in a Toxic Work Environment and How To Handle It.

- ကိုယ့်အထက်လူကြီးတွေ၊ ကိုယ့်တွဲဖက် လုပ်ဖော်ကိုင်ဖက်တွေကြောင့် Negative ဆန်တဲ့ လုပ်ငန်း ပတ်ဝန်းကျင်ကြီးမှာ ဝန်ထမ်းဟာ အလုပ်လုပ်ဖို့ ခက်ခဲနေမယ် ဒါမှမဟုတ် Career လမ်းကြောင်းတိုးတက်ဖို့ လမ်းစ မတွေ့ ဘူး ဖြစ်နေမယ်ဆိုရင် တော့ အဲ့နေရာ ကို Toxic working environment လို့ သတ်မှတ်လို့ရပါတယ်။


You’re in a Toxic Working Environment and How To Handle It.

- ကိုယ့်အထက်လူကြီးတွေ၊ ကိုယ့်တွဲဖက် လုပ်ဖော်ကိုင်ဖက်တွေကြောင့် Negative ဆန်တဲ့ လုပ်ငန်း ပတ်ဝန်းကျင်ကြီးမှာ ဝန်ထမ်းဟာ အလုပ်လုပ်ဖို့ ခက်ခဲနေမယ် ဒါမှမဟုတ် Career လမ်းကြောင်းတိုးတက်ဖို့ လမ်းစ မတွေ့ ဘူး ဖြစ်နေမယ်ဆိုရင် တော့ အဲ့နေရာ ကို Toxic working environment လို့ သတ်မှတ်လို့ရပါတယ်။

ကိုယ်ဟာ Toxic Working Environment ထဲ ရောက်နေလားဆိုတာ ဘယ်လိုသိနိုင်မလဲ?

- အလုပ်လုပ်ရာမှာ စိတ်အားထက်သန်မှု တွေ တဖြည်းဖြည်းလျော့ကျလာမယ်။
- ပြောဆိုဆက်ဆံ နေကြတဲ့ အဝန်းအဝိုင်းထဲကနေ ကိုယ်တစ်ယောက်ပဲ ဖယ်ကျန်နေမယ်။
- တစ်ယောက်ကွယ်ရာ တစ်ယောက် အတင်းအဖျင်းတွေပြောကြမယ်။
- လုပ်ငန်းခွင်အတွင်းမှာ အနိုင်ကျင့် ၊ဗိုလ်ကျခံရမယ်။အနှောင့်အယှက်ပေးခြင်းခံရမယ်။
- ညံ့ဖျင်းတဲ့ အုပ်ချုပ်မှု ( Poor Leadership)ရှိနေမယ်။
- ဝန်ထမ်း ဝင်ထွက် မှုနှုန်း ( Employee Turnover Rate) များနေမယ်။
- မမျှတတဲ့ ဆုံးဖြတ်ချက်တွေ ၊ပေါ်လစီ တွေရှိနေမယ်။
- အလုပ်တွေက မနိုင်ဝန်ထမ်းနေရသလို ဖြစ်နေမယ်။
- Work-Life balance ဖြစ်တယ်လို့မခံစားနေရဘူး။
- ရုံးတွင်းဂုဏ်တု ၊ဂုဏ်ပြိုင်တွေ များနေမယ်။
- လုပ်ငန်းခွင်အတွင်းမှာ ခြေကုန်လက်ပန်းကျနေသလိုခံစားရမယ် ။စတာစတာတွေ ခံစားနေရပြီဆိုရင် သင် ဟာ Toxic Working Environment ထဲကို ရောက်ရှိနေပါပြီ ။

ဒီတော့ အဲ့ပတ်ဝန်းကျင်မှာ ဘယ်လိုနေထိုင်မလဲ? ရုန်းထွက်မလား?

- ပထမဆုံးအနေနဲ့ အလုပ်ကိစ္စ ခေါင်းရှုပ်စရာတွေကို အလုပ်မှာပဲ ထားခဲ့ပါ။ အိမ်ထိ သယ်မလာပါနဲ့။
- အကောင်းမြင်စိတ်ရှိတဲ့ ၊ကိုယ်နဲ့ စိတ်သဘောထားတိုက်ဆိုင်တဲ့ တွဲဖက် လုပ်ဖော်ကိုင်ဖက်ကို ရှာဖွေ ပေါင်းသင်းပါ။
- တစ်ခုခုဆိုလျှင် ရင်ဆိုင် ဖြေရှင်းနိုင်ဖို့ စိတ်ကို လေ့ကျင့်ထားပါ။
- အလုပ်ချိန်ပြီးလျှင်လည်း စိတ်ကို Relax ဖြစ်စေမယ့် မိမိ ကြိုက်နှစ်သက်ရာ တစ်ခုခု ကိုပြုလုပ်ပါ။
- ဘယ်သူတွေ ဘယ်လိုဖြစ်နေနေ ကိုယ်ကတော့ အပြုသဘောဆောင်ပြီး အကောင်းဘက် မြင်နိုင်အောင်ကြိုးစားနေထိုင်ပါ။
- Work break မှာဖြစ်ဖြစ် အိမ်ပြန်ရောက်လို့ နားချိန်မှာဖြစ်ဖြစ် စိတ်ကို ငြိမ်းချမ်းအောင် လေ့ကျင့်ပေးနိုင်ပါတယ် ။ Meditation လုပ်ပါ။
- ကိုယ့်ရဲ့ အလုပ်စားပွဲ မှာ Positive ဆန်တဲ့ Message လေးတွေ Notes လေးတွေ ထားပေးပါ။
- တစ်နေ့တာ လုပ်ဆောင်ရမယ့် ၊ပြီးမြောက်ရမယ့် အလုပ်တွေကို List လုပ်ထားခြင်းဖြင့် Motivation ရယူပါ။
- ရုံးအတွင်းက အတင်းအဖျင်း တွေနဲ့ ဝေးရာမှာ နေပါ။
- အကယ်၍ အလုပ်ပြောင်းဖို့ရည်ရွယ်ထားတယ်ဆိုရင် ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ပါ။Plan ချပါ။

ဝန်ထမ်း အားလုံး ပျော်ရွှင်တဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်ကြရပြီး မျှော်လင့်ထားတဲ့ အောင်မြင်မှုတွေရရှိနိုင်ကြပါစေ ။
#ကူးယူဖော်ပြခွင့်မပြုပါ
#skillsforsuccess

Categories: Knowledge