Skill for Success

SWOT Analysis

Home / Articles / SWOT Analysis

SWOT Analysis

သင့်အနေနဲ့ လုပ်ငန်းအသစ်တစ်ခုကို စတင်ပြုလုပ်တော့မှာပဲဖြစ်ဖြစ် (သို့) သင့်သူဌေးက သင့်ကို မဟာဗျူဟာ တစ်ခုရေးဆွဲခိုင်းတာပဲဖြစ်ဖြစ် မဖြစ်မနေထည့်သွင်းစဉ်းစားရမဲ့အချက်တစ်ခုကတော့ SWOT Analysis ပါပဲ။


သင့်အနေနဲ့ လုပ်ငန်းအသစ်တစ်ခုကို စတင်ပြုလုပ်တော့မှာပဲဖြစ်ဖြစ် (သို့) သင့်သူဌေးက သင့်ကို မဟာဗျူဟာ တစ်ခုရေးဆွဲခိုင်းတာပဲဖြစ်ဖြစ် မဖြစ်မနေထည့်သွင်းစဉ်းစားရမဲ့အချက်တစ်ခုကတော့ SWOT Analysis ပါပဲ။ သင့်ရဲ့လုပ်ငန်း (သို့) ကုမ္ပဏီက ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ၊ဖော်ပြချက်တွေနဲ့ goals တွေကို အကောင်း မွန်ဆုံးရရှိနိုင်ဖို့ ကုမ္ပဏီရဲ့အတွင်း၊အပြင်ပတ်၀န်းကျင်အားလုံးကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

Internal analysis မှာ strength နဲ့ weaknesses ဖြစ်တဲ့ လုပ်ငန်းခွင်အတွင်း လုပ်ဆောင်မှုရဲ့ အားသာချက် အားနည်းချက်တွေ၊ ၀န်ထမ်း၊ အရင်းအမြတ်တွေစတာတွေကို သေသေချာချာသိထားဖို့လိုပါတယ်။ ကုမ္ပဏီရဲ့ အားသာချက်၊အားနည်းချက်တွေကို သိပြီးရင် External analysis ဖြစ်တဲ့ opportunities နဲ့ threats ကိုလည်း သိထားဖို့လိုပါတယ်။

External analysis မှာရှိတဲ့ အခွင့်အရေးနဲ့ ချိန်းခြောက်မှုတွေဖြစ်တဲ့ နိုင်ငံရေးအခြေအနေ၊ လူမှုပတ်၀န်းကျင်စီးပွားရေး အခြေအနေ၊ နိုင်ငံရဲ့စီးပွားရေးအခြေအနေ၊ နည်းပညာပိုင်းဆိုင်ရာပြောင်းလဲမှု စတာတွေဟာ သင့်လုပ်ငန်းရဲ့ ကုန်ထုတ်လုပ်မှု၊ ၀န်ဆောင်မှုစတာတွေကို ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ ဆိုတာကိုလည်း လေ့လာဖို့လိုပါတယ်။ ဒါတွေကိုသိထားခြင်းဟာ သင့်အတွက် အနာဂတ်မှာဖြစ်လာနိုင်ခြေ တွေကို တွက်ချက်နိုင်မှာဖြစ်လို့ မဟာဗျူဟာရေးဆွဲရာမှာ အလွန်ကို အသုံးတည့်စေမှာပါ။

Categories: Knowledge