အလုပ်စားပွဲကို ဘာလို့ ရှင်းရမှာလဲ
ကိုယ့်လုပ်ရည်ကိုင်ရည်ကောင်းတွေရဖို့ ကိုယ့်ရုံးစားပွဲလေး သပ်သပ်ရပ်ရပ်ထားပြီး ပိုလို့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဘ၀ကို အရယူကြည့်လိုက်ပါလား။
၁။ ကိုယ့်လုပ်ရည်ကိုင်ရည်ကောင်းတွေရဖို့ ကိုယ့်ရုံးစားပွဲလေး သပ်သပ်ရပ်ရပ်ထားပြီး ပိုလို့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဘ၀ကို အရယူကြည့်လိုက်ပါလား။
ကိုယ့်ပတ်၀န်းကျင်က ရုံးစားပွဲတွေမှာ မဆေးရသေးတဲ့ ကော်ဖီခွက်တွေ၊ စားကြွင်းစားကျန်တွေနဲ့ တစ်ကယ့်ကို ဗြုတ်စပျင်းတောင်း ဖြစ်နေတာ မြင်ဖူးရဲ့ မဟုတ်လား
ပရော်ဖက်ရှင်နယ်ဆိုတာ သူ့ရဲ့ ကိုယ်ပိုင် အသွင်အပြင်ကို သူ ပြန်ပြီး ပီတိဖြစ်နေတတ်တာ။ သူ့ရဲ့ အ၀တ်အစားပဲဖြစ်ဖြစ် သူ့ရဲ့ အလုပ်စားပွဲပဲ ဖြစ်ဖြစ်ပါ။ မင်းရဲ့ အလုပ်စားပွဲကို အခြားသူတစ်ယောက်ရဲ့ အမြင်ကနေကြည့်ပြီး သူတို့ ဘယ်လိုပြောမလဲဆိုတာ မှန်းကြည့်လိုက်ပါလား။
၂။ ဒါ တစ်ကယ်ပဲ အလုပ်ဖြစ်ပါတယ်။
ရယ်စရာ မဟုတ်ပါဘူး။ ဘယ်ပစ္စည်းတွေ ဘယ်နားထားတယ်ဆိုတာက မင်းရဲ့ ကစားပွဲမှာ ဘယ်ဟာက ထိပ်ဆုံး ဖြစ်မလဲဆိုတာ သိနိုင်တယ်လေ။ စာရွက်စာတမ်း တစ်ပုံတစ်ခေါင်းကြီးကို စုပုံမိရင်းနဲ့ တစ်ချို့အလုပ်စာရွက်တွေက ဟိုးအောက်ဆုံးမှာ နစ်မြုပ်သွားတတ်ကြတယ်။ ဒါနဲ့ပဲ လိုချင်တာ ရှာတဲ့အခါ အချိန်တွေ မကုန်သင့်ဘဲ ကုန်ရတော့တာပါ။ တစ်ကယ်လို့ စာရွက်စာတမ်းတွေကို သူ့ဆိုင်ရာ ခေါင်းစဉ်အလိုက် ဖိုင်တွဲထားမယ်ဆိုရင် နေရာတိုင်းမှာ ပြန့်ကျဲမနေတော့ဘူးပေါ့၊ ပြီးတော့ ကိုယ်လိုတဲ့အခါတိုင်းမှာ ကိုယ်ရှာချင်တဲ့ စာရွက် ဘယ်နားမှာ ရှိတယ်ဆိုတာ အသေအချာ သိနိုင်တယ်လေ။
၃။ မင်းမှာ အလုပ်လုပ်ဖို့အတွက် တစ်နေရာတော့ ရှိနေမှာပါ။
လုပ်ငန်း အစီအမံ အတော်များများက ပစ္စည်းအတော်များများ ရှိနေဖို့ လိုတတ်ကြတယ်။ ပြက္ခဒိန်လို၊ ဖုန်းလို၊ အစီရင်ခံစာတွေလို၊ လေ့လာစရာ စာအုပ်စာတမ်းတွေလို စသဖြင့်ပေါ့။ ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာတောင်မှ အလုပ်အတော်များများက တခြား ပစ္စည်းကိရိယာတွေရဲ့ အကူအညီကို လိုအပ်ပါတယ်။ ဒါကြောင့်လည်း အစီအမံကောင်းတဲ့ အလုပ်စားပွဲက အဲဒီပစ္စည်းတွေကို ထားဖို့နဲ့ ပြန်အသုံးပြုဖို့အတွက် နေရာတွေကို ရှင်းရှင်းလင်းလင်း ဖြစ်စေတယ်လေ။အစီအမံမကောင်းတဲ့ လုပ်ငန်းခွင်၀င်သူတစ်ယောက်က အများသုံးနေရာတွေကိုတောင်မှ ၀င်နေရာယူချင် ယူမိကြမှာပဲ။ သူတို့စားပွဲ့ သိပ်ရှုပ်ပွလွန်းနေလို့ အစည်းအဝေးခန်းထဲ စားပွဲတစ်နေရာ ယူထားတာမျိုးလိုပါ။ မင်းက အဲဒီလိုလူမျိုးတော့ ဖြစ်ချင်မှာ မဟုတ်ပါဘူး။
၄။ ဒါမှလည်း အထိအခိုက်မခံတဲ့ အလုပ်မျိုးတွေလုပ်ရပြီဆိုရင် အထိအခိုက်မခံတဲ့ အချက်အလက်တွေကို လုံလုံခြုံခြုံ ထိန်းသိမ်းနိုင်မှာပါ။
ကိုယ့်စားပွဲနားမှာ အဲဒီလို အချက်အလက်တွေကို အလွယ်ထားရစ်ခဲ့တာမျိုးက ကိုယ့်ကုမ္ပဏီကိုရော ကိုယ်တိုင်ကိုရော အရဲကိုးစွန့်စားတာကို ဖြစ်စေမှာပါ။ အများမြင်တွေ့လွယ်တဲ့ စာရွက်စာတမ်းတစ်ထပ်က လုပ်ငန်းခွင်အတော်များများမှာ ပုဂ္ဂလိကကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေတတ်သေးတယ်။ အထူးသဖြင့် ကျန်းမာရေး၀န်ဆောင်မှုလုပ်ငန်းခွင်မျိုးတွေမှာပါ။
၅။ ဒါမှလည်း အလုပ်တာ၀န်တွေကို ကောင်းကောင်း ထိန်းသိမ်းနိုင်မှာ။
အစီအစဉ်တကျ ကောင်ကောင်းမထားနိုင်ခဲ့ရင် ကိုယ့်အလုပ် အစီအမံတွေက ဦးစားပေးအတိုင်း ဖြစ်ဖို့ ခက်ပါတယ်။ ရှုပ်ပွနေတဲ့ အလုပ်စားပွဲရဲ့ အာရုံလွှမ်းမိုးမှုက ကိုယ်လုပ်စရာရှိတာတွေမှာ ဘယ်ဟာကို ဘယ်က အရင် စလုပ်ရမယ် မသိ ဖြစ်စေတတ်ပါတယ်။ ဆိုတော့ ဒီလို ရှုပ်ပွနေတဲ့ စာရွက်စာတမ်း အထပ်လိုက်ကြီးကို ဦးစားပေး အစီအစဉ်တကျမဟုတ်တဲ့ ဖိုင်အထူကြီးတွေနဲ့ ထည့်ထားမယ့်အစား ဦးစားပေး အစီအစဉ်အတိုင်း စာရင်းလုပ်ပြီး ထားဖို့ လိုပါမယ်။ ဒါက တည်ငြိမ်တဲ့ ကိုယ့်လုပ်ငန်းရလာဒ်တွေဖြစ်လာဖို့ လမ်းညွှန်တစ်ခုလို ဖြစ်စေမှာ အမှန်ပါ။
၆။ အဲဒါက အလုပ်အတွက် ကိုယ်တိုင်ရဲ့ အထောက်အပံ့ကောင်းတစ်ခုပါပဲ။
တစ်ချိန်လုံးလိုလို ကိုယ်လိုတဲ့ အရာတွေကို အမြဲ ရှာနေရမယ်ဆိုရင် ဒီအတားအဆီးက ကိုယ့်ကစားပွဲကနေ ကိုယ့်ကို ဆွဲချလိုက်မှာလေ၊ ဘာလို့ဆို ကိုယ့်အလုပ် စီမံကိန်းတွေကို ကောင်းကောင်း အာရုံစိုက်ဖို့ ခက်သွားလို့ပဲပေါ့။ ကိုယ်က အလုပ်လုပ်နေရင်းနဲ့ လိုတာလေးရှာဖို့ တစ်နေရာကို ထ သွားရပြီ ဆိုတာနဲ့ ကိုယ့်လုပ်လက်စ အလုပ်ကို ပြန်ရောက်လာဖို့ မလွယ်ဘူးလို့ ထင်ရပါတယ်။ ဆိုတော့ အခရိုင်းလစ် ပုံးလေးတွေ၊ အံဆွဲတွေ နဲ့ ပစ္စည်းအစုံထည့်ခွက်လေးတွေက ကိုယ်လိုတဲ့ ပစ္စည်းလေးတွေ ထိန်းသိမ်းဖို့အတွက် အကောင်းဆုံးဖြစ်ပြီး လိုတဲ့အခါတိုင်းမှာ မြင်သာထင်သာ အလွယ်ရနိုင်တာပေါ့။
Categories: Knowledge