Skill for Success

ပြည့်စုံသည့် Resume တစ်ခုဖြစ်ရန် လိုအပ်သည့် အချက် (၇) ချက်

Home / Articles / ပြည့်စုံသည့် Resume တစ်ခုဖြစ်ရန် လိုအပ်သည့် အချက် (၇) ချက်

ပြည့်စုံသည့် Resume တစ်ခုဖြစ်ရန် လိုအပ်သည့် အချက် (၇) ချက်

(၁) Resume တစ်ခုရဲ့ အရေးအကြီးဆုံးဖြစ်တဲ့အစပျိုးမှုကို ကောင်းမွန်ပြည့်စုံအောင် ဖန်တီးပါ


(၁) Resume တစ်ခုရဲ့ အရေးအကြီးဆုံးဖြစ်တဲ့အစပျိုးမှုကို ကောင်းမွန်ပြည့်စုံအောင် ဖန်တီးပါ

- Resume တစ်ခုကိုရေးသားတော့မယ်ဆိုရင် ကိုယ့်ကို ဆက်သွယ်ရမယ့် အချက်အလက် များနှင့် ( Personal information) စတင်ပါ။ကိုယ့်ရဲ့နာမည် (Name ), ဆက်သွယ်ရမည့် ဖုန်းနံပါတ် (Phone number) , အီးမေးလ် လိပ်စာ ( Email address), နေရပ်လ်ိပ်စာ (Address ) နဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များအပြင် ကိုယ်နဲ့ သက်ဆိုင်တဲ့ Profile links ( ဥပမာ LinkedIn Profile link) တွေကို မှန်ကန်စွာ ရေးသား ဖော်ပြပေးပါ။
- အရင်က Resume တွေမှာ ကိုယ်ရှာဖွေနေတဲ့ အလုပ်အမျိုးအစားကိုရှင်းလင်းဖော်ပြပေးမယ့် ကိုယ့်ရဲ့ ရည်မှန်းချက် ( Objective ) ဆိုတာ ထည့်သွင်းဖော်ပြလေ့ရှိကြပေမယ့်အခုချိန်မှာတော့ ကိုယ့်ရဲ့ အတွေ့အကြုံ (Experience), ကျွမ်းကျင်မှု ( Training), ကိုယ်ရှာဖွေနေတဲ့အလုပ်နဲ့ သက်ဆိုင်တဲ့ Skills တွေ စတာတွေကို အကျဥ်းချုပ်ဖတ်လို့ရနိုင်မယ့် ကိုယ်ရေးအကျဥ်း (Profile) ကိုသာ အလုပ်ခေါ်သူ (Hiring manager, Recruiter ) တွေက ပိုမိုမျှော်လင့် လာကြပါတယ်။

(၂) ကိုယ့်ရဲ့ အကျိုးသက်ရောက်မှုရှိ တာတွေကို ပြသပါ

- Resume တော်တော်များများဟာ ကိုယ်လုပ်ကိုင်ခဲ့ ဖူးတဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ဦးတည် ဖော်ပြလေ့ရှိကြပါတယ် ကိုယ်လုပ်ဆောင်ခဲ့ရတဲ့ Duties တွေ ၊ ကိုယ်ရရှိခဲ့တဲ့ Accomplishments တွေ ပါဝင်တဲ့ အရင် လုပ်ငန်း အတွေ့အကြုံ တစ်ခုစီကို နေ့စွဲ အစီအစဉ် အတိုင်း( နောက်ဆုံးထွက်ခဲ့သည့် အလုပ် ( သို့မဟုတ်) ယခု လုပ်ကိုင်နေသည့် အလုပ်ကို အပေါ်ဆုံးမှာ ထား၍ အရင် အလုပ်ဟောင်းများ ကို အစဉ်လိုက်) ဖော်ပြပေးပါ။
- အလုပ်ရှင်အတွက် က်ိုယ်လျော့ ချ ပေးနိုင်ခဲ့ တဲ့ ကုန်ကျ စားရိတ်တွေ ၊က်ိုယ် စွမ်းဆောင်နိုင်ခဲ့တဲ့ ရောင်းအား တိုးတက်မှု ရာခိုင်နှုန်း ကို Resume မှာ ထည့်သွင်း ဖော်ပြခြင်းဖြင့် ကိုယ့်ရဲ့ အရင် လုပ်ကိုင် ခဲ့ဖူးတဲ့ Company တွေ အပေါ် ဘယ်လို အကျိုး ရရှိ စေခဲ့ တယ်ဆိုတာ ကို ရေးသား ဖော်ပြပေးပါ။

(၃) ကိုယ်ပိုင် Soft skills တွေလည်း မဖြစ်မနေပါဝင်ပါစေ

- Critical thinking , time management , creativity , problem- solving, effective writing , verbal communication စတဲ့ Soft skills တွေကို က်ိုယ့်ရဲ့ Resume မှာ ထည့် ပေးဖို့အရေးကြီးပါတယ် ။
- ကိုယ့်ရဲ့ Resume နဲ့ Cover Letter မှာ Grammar အထားအသို မှန်ကန်ဖို့တဲ့ စာလုံးပေါင်းမှန် ကန်ဖို့လည်း ဂရုစိုက်ရပါမယ်။ ကိုယ့်ရဲ့ လုပ်ငန်းအတွေ့အကြုံ နဲ့ လုပ်ငန်းပြီးမြောက် အောင်မြင်မှု တို့ ကို မူတည်ပြီး လူအများနဲ့ ပူးပေါင်းဆောင်ရွက် န်ိုင်ခြင်း ( Collaboration ) , အခြေအနေ ပေါ်မူတည်ပြီး လိုက်လျောညီထွေ နေထိုင်နိုင်စွမ်း ( Adaptability ) , ဦးဆောင်ဦးရွက် ပြုနိုင်စွမ်း ( Leadership) စတဲ့ ကိုယ်ပိုင်စွမ်းရည် ( abilities ) တွေကို လည်း ဖော်ပြပေးသင့်ပါတယ်။

(၄) Technical skills တွေကိုလည်းမီးမောင်းထိုးပြတတ်ပါစေ

- အခုချိန်မှာ အလုပ်တော်တော်များများ ဟာ နည်းပညာနဲ့ သက်ဆိုင်တဲ့ (technical skills) skills ရှိဖို့ တောင်းဆို တတ်ကြပါတယ်။ ကိုယ့်မှာ Software skills, technical skills တွေရှိတယ်ဆိုရင် ကိုယ့် Resume ကိုဖတ်မယ့်သူတွေ ၊ အလုပ်ရှင်တွေ မြင်သာအောင် Resume မှာ မျှဝေပါ။ စမတ်ကျတဲ့ အလုပ်ရှာဖွေ သူတွေ ဆိုရင် သူတို့ရဲ့ ကိုယ်ပ်ုင် အရည်အချင်း ကျွမ်းကျင်မှု Level တွေ အပါအဝင် သင်ယူပြီးမြောက် ထားခဲ့တဲ့ Programs တွေကိုပါ List လုပ်ပြီး ဖော်ပြကြပါတယ်။

(၅) သူများနဲ့ မတူကွဲပြားခြားနားမှု ရှိပါစေ

- ကိုယ်စိတ်ဝင်စားတဲ့ ရာထူး (သို့) Company နဲ့ သက်ဆိုင်တဲ့ ကိုယ့်ရဲ့ talents တွေကို သူများနဲ့ မတူအောင် မီးမောင်းထိုးပြတတ်ပါစေ။ ဥပမာ အနေဖြင့် International Operations တစ်ခုခု လုပ်ကိုင်နေတဲ့ Company တစ်ခု အတွက်ဆိုရင် သင့်ရဲ့ နိုင်ငံခြား ဘာသာစကား ကျွမ်းကျင်မှု ဟာဆိုရင် သင်နဲ့ အလုပ်ရှင် တွေ့ဆုံဖို့ အတွက် အခွင့်အရေး တစ်ခု ဖြစ်စေမှာပါ။

(၆) အရေးကြီးစကားလုံးများ (Keywords) တွေပါဝင်ဖို့ ဂရုစိုက်ပါ။

- Company မှ တင်ထားတဲ့ Job မှာ ပါဝင်တဲ့အရေးကြီး စကားလုံး ( Keywords) တွေနဲ့ တူညီတဲ့ စကားလုံးများကို ကိုယ့်ရဲ့ Resume နဲ့ Cover letterမှာ ထည့်သွင်းအသုံးပြုခြင်းဖြင့် resume ဖတ်သူရဲ့ အာရုံစိုက်မှုကိုရရှိနိုင်မှာပါ။

(၇) ကိုယ့်ရဲ့ Resume ကို ပြန်ဖတ်ပြီး စီစစ်ဖို့ မမေ့ပါနဲ့

- အလုပ်ရှင်တွေဟာ နေ့စဥ် များပြားလှတဲ့ Resume တွေကို စီစစ်နေရတာ ဖြစ်ပါတယ်။အဲ့အတွက်ကြောင့်ရွေးချယ်စရာများတဲ့ သူတို့အတွက် ကိုယ့်ရဲ့ Resume ကိုဖယ်ထုတ်လိုက်ဖို့ဆိုတာ သိပ်တော့ မခက်ခဲလှပါဘူး။ ထို့ကြောင့် ကိုယ်ရေးထားတဲ့ Resume မှာပါဝင်တဲ့ စကားလုံးတစ်လုံးချင်း ၊ စာလုံးပေါင်းသတ်ပုံ အမှားအယွင်းများ၊ Grammar အထားအသို များကို သေချာစွာ ပြန်ဖတ်ပြီး အမှားရှိရင် ပြင်ဆင်ရပါမယ်။ ကိုယ့်ရဲ့ အရေးအသားအမှားအယွင်းတစ်ခုကြောင့် ကိုယ်ရမယ့် Interview အခွင့်အရေး တစ်ခုကို အဆုံးရှုံး မခံပါနှင့်။
#SkillsForSuccess

Categories: Knowledge